Choose Font Here

☺Welcome petharlay.blogspot.com ☺ ပဲသားလေး ဘလော့ပို့ မှကြိုဆိုပါ၏☺
Showing posts with label Wifi Hacker Don't Use Go-out Software ဒေါင်း. Show all posts
Showing posts with label Wifi Hacker Don't Use Go-out Software ဒေါင်း. Show all posts

Sunday, December 29, 2013

Wifi Hacker Don't Use Go-out Software ဒေါင်း

Wifi Hacker Don't Use Go-out Software
Wifi Hacker များကိုနှိက်ကွတ်မယ့် Software လေးလာပါပြီဗျာ။Wifi Router ထောင်ထားတဲ့ Router ပိုင်ရှင်တွေအတွက် kosoenaingpetharlay ရဲ့အထူးရှယ်လက်ဆောင်လေးပါ။
ဘယ်ဆိုဒ်မှာဘဲ့ကြည့်ကြည့် Wifi Password ကိုဘယ်လို Hack ပြီးခိုးသုံးကြမယ်ဆိုတာတွေ ဘဲ့ပလူပျံနေတာတွေ့ရပါတယ်။သုံးစွဲသူတွေအတွက်တော့ ရှယ်ပေါ့။ Router ပိုင်ရှင်တွေမှာတော့ ပိုက်ပိုက်လည်းအကုန်ခံထားရသေး၊နဂိုကတည်းက internet connection ကလိပ်လိုနှေးကွေးနေရတဲ့ကြားထဲ Hack ခံနေရလို့နှေးသွားတာက တစ်မျိုး၊ခိုးသုံးသူများလို့ Speed ကျသွားတာက တစ်ဖုံနဲ့ ကိုယ်တကယ်အသုံးပြုတဲ့အခါ internet connection ကရှေ့မတိုးတော့ဘဲ နောက်ပြန်ပြန်ဆုတ်နေလို့ တစ်ခါတလေကိုယ် Router ကိုအောက်ဆွဲချပြီး တူနဲ့ထုချင်တဲ့စိတ်ပေါက်သွားတာမျိုးကြုံဖူးကြမှာပါ။စိတ်မညစ်နဲ့-စိတ်မပျက်နဲ့ ဒီ Software လေးကအကူအညီပေးသွားပါလိမ့်မယ်။သုံးစွဲသူဦးရေ၊IP Adress၊တွေကိုဖေါ်ပြပေးထားပြီး ကိုယ်မသုံးစေချင်တဲ့သူတွေကို ဖြတ်တောက်ပစ်တာ၊ဟမ်းသွားအောင်ပညာပေးလိုက်တာမျိုးလုပ်လို့ရ
တယ်ဗျာ။ဖြတ်တောက်တဲ့နည်းလေးကိုဘဲ့ ဖေါ်ပြပေးပါရစေ။အသုံပြုတဲ့နည်းကလည်းလွယ်ကူပါတယ်။
ဆော့ဝဲကို အရင်မောင်းလိုက်ပါ။ တခြားဆော့ဝဲတွေမောင်းတဲ့ပုံစံအတိုင်းပါဘဲ့။မောင်းပြီးရင်တော့ သင်ရဲ့ကွန်ပျူတာကို Restart ချပေးလိုက်ပါ။အသုံးပြုမယ်ဆိုရင် Desktop ပေါ်က Icon လေးပေါ်mouse pointer လေးတင်ပြီး Right (ညာ) Click နှိပ်။ပေါ်လာတဲ့ Box ထဲက Run as Adminstrator လေးနဲ့ မောင်းပါ။
ပြီးရင် Hidden Icon တွေရှိတဲ့နေရာလေးမှာသက်ဆိုင်ရာ Icon လေးကိုနှိပ်လိုက်ရင် ကဲ...ဘယ်သူတွေခိုးသုံးနေတယ်ဆိုတာတွေ့ပါပြီဗျာ။ကိုယ်မသုံးစေချင်တဲ့သူကိုမှတ်ပါ။ပြီးရင် cuf off (Ready) ကိုနှိပ်လိုက်ရင်ပွဲသိမ်းပြီပေါ့။နောက်တစ်ခါမလာနဲ့တော့ တားတာဘဲ့။ပြန်ဖွင့်ပေးချင်ရင်တော့
cuf off (Ready) လုပ်ထားတဲ့သူကိုပြန်မှတ် Resume ပြန်နှိပ်ပေးလိုက်ရင် သုံးတော့ပေါ့။
မေတ္တာရပ်ခံချက် (Appeal).......
ယ္ခုကျွန်တော်ပေးထားတဲ့ဆော့ဝဲလေးက zip ဖိုင်လေးနဲ့ပါ။ အမှန်တကယ်အသုံးပြုသူ ရှိ/မရှိ သိချင်လို့ password လေးနဲ့ပိတ်ထားပါတယ်။အသုံးပြုမယ်ဆိုရင်ဆော့ဝဲကိုအရင်ဒေါင်းယူပြီး။ password ကိုတော့
မှာဖြစ်စေ၊ soepedet@gmail.com သို့ဖြစ်စေ ရွှေမြို့တော်ကိုစိုးနိုင် (ပဲဒက်) အိမ်ကလေး မှာဖြစ်စေလာရောက်တောင်းယူပေးကြပါခင်ဗျား။
Router ပိုင်ရှင်များ အနေနဲ့လည်း ကိုယ်ပိုင် Internet ဝယ်မသုံးနိုင်တဲ့သူတွေအတွက် နည်းပညာ နဲ့အထွေထွေဗဟုသုတတွေရရှိစေဖို့ အတက်နိုင်ဆုံးသီးခံခွင့်
လွှတ်ပြီး အသုံးပြုခွင့်ပေး ပေးစေချင်ပါတယ်ခင်ဗျား။စိတ်ပူစရာ မလိုပါဘူး သူ့ IP Adress ကို့မှာရှိနေမှ
တော့ ကိုယ့်လက်ခုတ်ထဲကရေဖြစ်နေပြီလေ။ဆော့ဝဲလေးကိုစမ်းသုံးချင်ရင်တော့အောက်လင့်မှာယူပါ။

For Computer Recent Posts