BOOTMGR is compressed ပြသနာဖြေရှင်းဖို့
Windows ခွေ (သို့) Windows Boot လုပ်ထားတဲ့ Stick ကိုအသုံးပြုသွားမှာပါ။Windows တင်တဲ့ပုံစံနဲ့ဘဲ့
အဓိကထားဖြေရှင်းသွားမှာဆိုတော့ Windows တင်ဖူးတဲ့သူတွေအတွက်တော့ အခက်ခဲမရှိလုပ်တက်လိမ့်မယ်လို့
ယူဆပါတယ်ဗျာ။Windows boot setting ချိန်နည်းကို ကျော်ပြီးပြောသွားမှာဆိုတော့
Windows boot setting ချိန်နည်းကို မသိသေး တဲ့သူတွေကတော့မိမိတို့ ကွန်ပျူတာနဲ့ပတ်သတ်ပြီး
Windows boot setting ချိန်နည်းကိုအရင်လေ့ လာပါလို့တိုက်တွန်းလိုက်ပါရစေ။ Windows
boot setting ချိန်နည်းက computer တစ်လုံးနဲ့တစ်လုံး
အနည်းငယ်ကွဲပြားမှုရှိတဲ့အတွက် Windows boot setting ချိန်နည်းကိုပါပြောသွားရင်
Post တော် တော်ရှည်သွားပါလိမ့်မယ်။ကဲစလိုက်ကြရအောင်.............
1. Windows
ခွေ (သို့) Windows Boot လုပ်ထားတဲ့ Stick ကို ထည့် (သို့) တပ်ဆင်လိုက်ပြီး
Windows တင်တဲ့ပုံစံအတိုင်းဆက်လုပ်သွားရပါမယ်။ ကီးတစ်ခုခုကိုနှိပ်ပေးလိုက်ပါ။
2. ခဏစောင့်ပါ။
3. ဘာသာစကားတွေ၊ကီးဘုတ်တွေရွေးပြီး
Next ကိုဆက်နှိပ်ပါ။
4. အောက်ကပုံကိုသေချာကြည့်ပါ။
အောက်ဘယ်ဘက်ထောင့်နားက Repair your
computer ဆိုတဲ့ စာကြောင်း ကိုဘဲ့နှိပ်ပါ။
5. အောက်ကပုံလို
System Recovery လုပ်ပါလိမ့်မယ်။ခဏစောင့်ပေးပါ။
6. အောက်ကပုံလိုပေါ်လာရင် Use recovery tools that can help fix problems starting Windows.Select an operating system to repair.စာကြောင်းနဘေးကအဝိုင်းလေးမှာ အမှတ်ထည့်ပြီး operating system က Windows xp လား၊ Windows 7 လား၊ Windows 8 လား၊ Windows 8.1 လား၊ Windows 10 လား၊ကိုယ့်ရဲ့ Windows operation system ကိုရွေးပေးပါ။Windows တစ်ခုတည်းတင်ထားတဲ့သူတွေအတွက် ထွေထွေထူးထူးရွေးနေစရာ မလိုပေမယ့် Windows နှစ်ခုတင်ထားတဲ့ သူတွေကတော့ ကိုယ် Recovery လုပ်မယ့် Windows ကိုရွေးမှတ်ပေးရပါမယ်။
7. Load Drivers ကိုနှိပ်ပါ။
8. Add
Drivers box ထပ်ပေါ်လာရင် OK ကိုနှိပ်ပါ။
9. Local
Disk (C:) ပေါ်မှာ ညာကလင့် (Right Click) နှိပ်ပြီး Properties ကိုရွေးနှိပ်ပါ။အောက်ဒုတိယပုံလို
C: ရဲ့ Properties box ပေါ်လာပါလိမ့်မယ်။
10. C:
ရဲ့ Properties box မှာ Compress this drive to save disk space စာကြောင်းနဘေးက
box ထဲကအမှန်ခြစ်ဖြုတ်ပါ။အဲဒီလိုအမှန်ခြစ်ဖြုတ်လိုက်ရင် Confirm Attribute Changes
ဆိုပြီး box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်။ Apply changes to drive C:\ subfolders and
files ဆိုတဲ့ စာကြောင်းနဘေးက box ထဲမှာ အမှတ်လေးထည့်ပေးပြီး OK ကိုနှိပ်လိုက်ပါ။
11. အောက်ပုံလို Computer Restart ကျသွားပါလိမ့်မယ်။ဘာမှဆက်မနှိပ်ဘဲ
ဒီတိုင်းလေးဘဲ့လွှတ်ပေးထားလိုက်ပါ။ Computer Windows
ပြန်တက်လာပါလိမ့်မယ်။(မှတ်ချက်။ ။Boot ပြန်လည်နိုင်တဲ့ Computer များ Computer
Restart ကျသွားတဲ့အချိန်မှာ Windows ခွေ (သို့) Windows Boot လုပ်ထားတဲ့ Stick ကို
ဖြုတ်လိုက်ပါ။
BOOTMGR is compressed Press Ctrl + Alt + Del to restart ပြသနာဖြေရှင်းနည်း pdf (1.94 MB)
BOOTMGR
is compressed Press Ctrl + Alt + Del to restart
ပြသနာဖြေရှင်းနည်း ကတော့ဒီလောက်ပါဘဲ့။ နည်းပညာကိုလေ့လာနေကြတဲ့
ညီငယ်၊ညီမငယ်များ ကွန်ပျူတာဆိုင်ရာ နည်းပညာအသီးသီးကို အနာဂတ်သို့ လက်ဆက်ကမ်း သယ်ဆောင်သွားနိုင်ပါစေလို့-------PeTharLay(ပဲသားလေး)။
Download Link များအဆင်မပြေတာရှိရင် Comment Box မှာအော်သွားပေးကြပါ။
No comments:
Post a Comment
ပြောချင်တာပြောခဲ့ပါ